ပြည်ပငွေလွှဲလုပ်ငန်း

နိုင်ငံခြားငွေလွှဲဌာန လုပ်ငန်းဆောင်ရွက်မှုများ

              နိုင်ငံခြားငွေဖြင့် ပြည်ပမှ လွှဲပို့ငွေများအား စာရင်း ထည့်သွင်းပေးခြင်း၊ ပြည်ပသို့ ငွေလွှဲခြင်းများကို ပြည်ပအဆက်အသွယ် ဘဏ်ပေါင်း (၂၅၀)ကျော်နှင့် ချိတ်ဆက်လျှက် နိုင်ငံတကာသုံး အဆင့်မြင့် ဆက်သွယ်ရေးစနစ် SWIFT အား အသုံးပြု၍ လျင်မြန်စွာ ဆောင်ရွက် ပေးလျှက်ရှိပါသည်။

(၁)          ပြည်ပမှ လွှဲပို့ငွေများ စာရင်းသွင်းပေးခြင်း

              နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ၏ မတည်ငွေရင်း၊ လှည့်လည် ရင်းနှီးငွေလွှဲ ပို့ခြင်းများ၊ ကုမ္ပဏီအသုံးစရိတ်၊ လုပ်ငန်းဆောင်ရွက်ခ၊ ကော်မရှင်ခ၊ အလှူငွေ ထည့်ဝင်ခြင်း၊ လျော်ကြေး ငွေလွှဲပို့ခြင်း၊ ခရီးသွားလုပ်ငန်းများ၏ ဧည့်သည်များ တည်းခို၊ သွားလာမှုစရိတ် ပို့ခြင်း၊ ပြည်ပတွင် အလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံသားများမှ မိသားစုထံ လစာငွေလွှဲပို့ခြင်း အစရှိသဖြင့် ပြည်ပနိုင်ငံအသီးသီးမှ လွှဲပို့ငွေများကို စာရင်းသွင်း ဆောင်ရွက်ပေးလျှက် ရှိပါသည်။   

     ပြည်ပမှ လွှဲပို့ငွေ ဝင်ရောက်ခြင်း တစ်ကြိမ်လျှင် ဘဏ်စရိတ် အမေရိကန်ဒေါ်လာ၁၅ နှင့် ညီမျှသော ကျပ်ငွေအား ကောက်ခံပါသည်။

(၂)           ပြည်ပသို့ ငွေလွှဲခြင်း (ကုန်သွယ်မှု မဟုတ်သော လွှဲပို့ငွေများ)

              ဘဏ်တွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသည့် ကုမ္ပဏီများ၊ လုပ်ငန်း အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များမှ ပြည်ပသို့ ငွေလွှဲရန် ကိစ္စများ ရှိပါကလည်း ဘဏ်၏ ပြည်ပတွင် ဖွင့်လှစ်ထားသည့် အဆက်အသွယ်ဘဏ်များမှ တဆင့် ပြည်ပငွေလွှဲ လုပ်ငန်းများကို ဆောင်ရွက်ပေးလျှက်ရှိပါသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံအတွင်း ကုမ္ပဏီများတွင် တာဝန် ထမ်းဆောင်ကြသည့် နိုင်ငံခြားသားများ၏ လစာငွေအား ၎င်းတို့၏ မိသားစုထံ ပြန်လည် လွှဲပို့ခြင်း၊ နိုင်ငံခြားကုမ္ပဏီများက ပြည်ပဘဏ် (သို့) မိခင်ကုမ္ပဏီထံမှ ချေးယူငွေများအတွက် ချေးငွေအရင်းနှင့် အတိုးပေးဆပ်ခြင်း၊ အာမခံ ပရီမီယံကြေး၊ ကြော်ငြာခ၊ အမြတ်ဝေစု လွှဲပို့ခြင်း အစရှိသည့် ကုန်သွယ်မှုမဟုတ်သော ငွေပေးချေခြင်းများကို ဆောင်ရွက်ပေးလျှက်ရှိပါသည်။

(၃)     ပြည်ပသို့ ငွေလွှဲခြင်း (Normal T.T စနစ်ဖြင့် သွင်းကုန်အတွက် ငွေပေးချေခြင်းများ)

          ပြည်ပမှ သွင်းကုန်ပစ္စည်းတင်သွင်းခြင်းအတွက် စာရင်းဖွင့်ရောင်းချခြင်းစနစ် (Open Account System)၊ ငွေလွှဲစာတမ်း (Letter of Credit) (LC)စနစ်နှင့် ငွေကောက်ခံခြင်းစနစ် (Collection)စနစ်တို့ဖြင့် တင်သွင်းနိုင်ပါသည်။

          စာရင်းဖွင့်ရောင်းချခြင်းစနစ် (Open Account System) ဖြင့် သွင်းကုန်ပစ္စည်း တင်သွင်းခြင်းအတွက် သွင်းကုန်လိုင်စင်၊ ဆိပ်ကမ်းတွင် ပစ္စည်းထုတ်ယူပြီးသည့် အထောက်အထား ဖြစ်သော သွင်းကုန်ကြေငြာလွှာ(Import Declaration)၊ သင်္ဘောတင်တန်ဆာ(Bill of Lading) ကုန်အမှာစာ (Invoice) ၊ ကုန်ထုတ်ပိုးမှုစာရင်း (Packing List)တို့ တင်ပြပါက ပြည်ပရှိ ကုန်ရောင်းသူထံသို့ (TT)စနစ်ဖြင့် ငွေပေးချေခြင်း၊ အပ်ကုန်စနစ် (Consignment Basis)ဖြင့် တင်သွင်းထားသည့် မော်တော်ယာဉ်နှင့် ကုန်ပစ္စည်းတန်ဖိုးများအား (T.T)စနစ်ဖြင့် ငွေပေးချေခြင်း အား နိုင်ငံခြားငွေလွှဲဌာနမှ ဆောင်ရွက် ပေးပါသည်။

          ပြည်ပသို့ ငွေလွှဲခြင်းများအတွက် လွှဲပို့ငွေ၏ ၀.၁၂၅ နှင့် ညီမျှသော ကျပ်ငွေနှင့် အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၀ နှင့်ညီမျှသော ကျပ်ငွေအား ကောက်ခံပါသည်။

(၄)     ပြည်ပသို့ ငွေလွှဲခြင်း (Normal T.T စနစ်ဖြင့် သွင်းကုန်အတွက် ငွေပေးချေခြင်းများ)

          ပြည်ပမှ သွင်းကုန်ပစ္စည်းတင်သွင်းခြင်းအတွက် စာရင်းဖွင့်ရောင်းချခြင်းစနစ် (Open Account System)၊ ငွေလွှဲစာတမ်း (Letter of Credit) (LC)စနစ်နှင့် ငွေကောက်ခံခြင်းစနစ် (Collection)စနစ်တို့ဖြင့် တင်သွင်းနိုင်ပါသည်။

(၅)     ကုန်သွယ်မှု မြန်မာကျပ်‌ချေးငွေထောက်ပံ့ခြင်း(Trade Finance - Import T.T)

          သွင်းကုန်လုပ်ငန်းရှင်များ၏ လုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ နိုင်ငံခြားငွေ ငွေမာငွေကြေး(အမေရိကန်ဒေါ်လာ)ကို အာမခံရယူပြီး မြန်မာကျပ်ချေးငွေ ထုတ်ချေးခြင်းဖြင့်ကုန်သွယ်မှုချေးငွေ (Trade Finance – Import T.T) လုပ်ငန်းအား ချေးငွေသက်တမ်း(၃)လ၊ တစ်နှစ်လျှင် အတိုးနှုန်း ၅% ဖြင့် ဆောင်ရွက်ပေးလျှက်ရှိပါသည်။

          ကုန်သွယ်မှုချေးငွေရယူရာတွင် သွင်းကုန်လုပ်ငန်းရှင်များသည် ဘဏ်သို့ ပို့ကုန်ဝင်ငွေ၊ သွင်းကုန်ပေးချေမှု ဖြစ်သည့် နိုင်ငံခြားငွေ အဝင်/အထွက် (၃)နှစ် စာရင်းကို ဘဏ္ဍာရေးနှစ်အလိုက် စစ်ဆေးခြင်း၊ အခွန်ထမ်းဆောင်မှု(၃)နှစ်စာရင်းကို စစ်ဆေးခြင်း၊ ဘဏ်၏ စံနှုန်းသတ်မှတ်ချက် (၁၁)ချက်နှင့် စိစစ်ခြင်း၊ လုပ်ငန်းရှင်၏ ငွေချေးထိုက်တန်မှု (Credit Worthiness) စိစစ်ခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။