မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၈ ရက် (စနေနေ့) သည် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ အက်ဥပဒေအရ "ဘဏ်ဖွင့်ရက်" ဖြစ်ပါသဖြင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၏ ရုံးချုပ်နှင့် မန္တလေးဘဏ်ခွဲအား ပုံမှန်အတိုင်း ဖွင့်လှစ်ထားမည်ဖြစ်ပြီး ဘဏ်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း မိဘပြည်သူများအား လေးစားစွာ အသိပေးအပ်ပါသည်။

