မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၏ ပြည်သူ့အကျိုးပြုလုပ်ငန်း ကြိုးပမ်းဆောင်ရွက်ချက်များ

news

(ဂ) ငွေဖြစ်လွယ်၍ စီမံ ခန့်ခွဲနိုင်သော  နိုင်ငံခြားငွေ (ငွေမာငွေကြေး) အား အာမခံရယူ၍ ကျပ်ငွေ ထုတ်ချေးသည့်လုပ်ငန်း (Bilateral Interbank Lending)အား ဘဏ်၏ စီမံခန့်ခွဲမှုဆိုင်ရာ စည်းကမ်းချက်များဖြင့် ရွေးချယ် သတ်မှတ်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏လမ်းညွှန်ချက် (Guidelines) များနှင့်အညီ မြန်မာကျပ်ငွေ ထုတ်ချေးခြင်း။

၁။ မြန်မာ့ ရင်းနှီး မြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB) သည် နိုင်ငံပိုင် ငွေရေး ကြေးရေး အဖွဲ့အစည်း တစ် ခုဖြစ်၍ နိုင်ငံတော် ငွေရေး ကြေးရေး အဖွဲ့အစည်းများ ဥပဒေ (၁၉၉၀) အရ ပြည်တွင်းဘဏ် လုပ်ငန်းနှင့်  နိုင်ငံခြား ဘဏ်လုပ်ငန်း ဝန်ဆောင်မှုကို ဆောင်ရွက်ပေးရန်အတွက် ၁၉၉၀ ပြည့်နှစ် စက်တင်ဘာ (၁) ရက်တွင် တည်ထောင်ခဲ့ပါသည်။ နိုင်ငံတော်အတွင်း ငွေကြေး အရင်းအမြစ်များကို စုစည်းပြီး ငွေကြေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်းဖြင့် (၂၆) နှစ်တာ ကာလအတွင်း ဘဏ်လုပ်ငန်း များကို တိုးတက် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် ဘဏ္ဍာရေး နှစ်အလိုက် အမြတ် ဝင်ငွေများ ရရှိခဲ့သဖြင့် နိုင်ငံတော်အတွက် ဝင်ငွေခွန်များ တိုးမြင့် ထမ်းဆောင်နိုင်ခြင်း၊ ထည့်ဝင်ငွေများ နှစ်စဉ် တိုးမြင့် ထည့်ဝင်ခြင်း ဆောင်ရွက်ပေးနိုင်ပြီး စာရင်း ပိုင်ရှင် ပြည်သူများ အတွက်လည်း တိုးတက် ပြောင်းလဲသော နိုင်ငံတကာ ဘဏ်လုပ်ငန်းများ နှင့်အညီ ဝန်ဆောင်မှု အသစ်များကို စီစဉ် ဆောင်ရွက်ခဲ့ပါသည်။

၂။ MICB သည် တိုးတက် ပြောင်းလဲလျှက်ရှိသော စီးပွားရေးနှင့် ဘဏ္ဍာရေး ကဏ္ဍများ နှင့်အညီ ပုဂ္ဂလိက ပြည်တွင်း လုပ်ငန်းရှင်များနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများအား ထိရောက် လျှင်မြန်သော ဘဏ် ဝန်ဆောင်မှုများ ပေး၍ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်များအတွင်း Over-the-Counter စနစ်ဖြင့် ငွေထုတ် ကောင်တာတွင် ချက်ချင်း ငွေထုတ်ပေးခြင်း၊ On-Line Banking System များအား အဆင့် မြှင့်တင်၍ ဆောင်ရွက်ခြင်း၊ ပြည်တွင်း ဘဏ်လုပ်ငန်းနှင့် နိုင်ငံခြားဘဏ် လုပ်ငန်းဌာန အသီးသီးရှိ အရာထမ်းများ၏ ဆောင်ရွက်နိုင်ခွင့်ရှိသည့် ပမာဏများ တိုးမြှင့် သတ်မှတ်ပေးခြင်း၊ ပို့ကုန် သွင်းကုန် လုပ်ငန်းဆိုင်ရာ ငွေလွှဲ စာတမ်း ဖွင့်လှစ်ခြင်းနှင့် ငွေပေးချေခြင်း ကိစ္စရပ်များတွင် စာရွက်စာတမ်း လိုအပ်ချက်များအား ဖြေလျှော့ပေးခြင်း ၊ ငွေစု ဆောင်းသူများ စာရင်းသို့ အတိုးနှုန်း တစ်နှစ်လျှင် (၈%) ဖြင့် တစ်နှစ်လျှင် တစ်ကြိမ် အတိုး ထည့်သွင်းပေးခဲ့ခြင်းအစား ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစ၍ တစ်နှစ်လျှင် နှစ်ကြိမ် စက်တင်ဘာလနှင့် မတ်လ စာရင်း ပိတ်ပြီးချိန်တွင် အတိုး ထည့်သွင်း ပေးနိုင်ခဲ့ပါသည်။

၃။ ထို့အပြင် ဘဏ်ဝန်ဆောင်မှု အသစ်များဖြင့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများကို အောက်ပါအတိုင်း လက်ရှိ ဝန်ဆောင်မှု ပေးလျှက် ရှိပါသည်။

(က) စာရင်း ပြောင်းခြင်း၊ ငွေသား ပေးသွင်းခြင်း၊ ချက်လက်မှတ်ဖြင့် ငွေသား ထုတ်ပေးခြင်း၊ ငွေပေး အမိန့်လွှာ ထုတ်ပေးခြင်းတို့၏ ပျမ်းမျှ အရေအတွက်သည် နေ့စဉ် တိုးတက်လျှက်ရှိရာ ဘဏ်အရာထမ်း အသီးသီးသို့ ဆောင်ရွက်နိုင်ခွင့်ရှိသည့် ပမာဏများ ထပ်မံ တိုးမြှင့် သတ်မှတ်ခြင်း၊ Electronic Queuing System အသုံးပြု၍ ကောင်တာတွင် ပြီးပြတ် အောင်ဆောင်ရွက်ခြင်း၊ ဘဏ်လုပ်ငန်း ဝန်ဆောင်မှု အသစ်များ ဆောင်ရွက်ပေးနိုင်ရန် ဘဏ်အရာထမ်း၊ ဝန်ထမ်းများအား ဘဏ်လုပ်ငန်း ဆိုင်ရာ သင်တန်းများသို့ တက်ရောက်စေခြင်း၊

(ခ) ပြည်သူများ၏ ငွေစုဆောင်းမှု ပိုမို တိုးမြင့်လာစေရန် ရည်ရွယ်၍ ငွေစုဘဏ် အပ်ငွေ အတိုးနှုန်း တစ်နှစ်လျှင် (၈%) ဖြင့် တစ်နှစ်လျှင် (၂) ကြိမ် အတိုး ထည့်ပေးခြင်း အစား (၃) လ တစ်ကြိမ်နှုန်းဖြင့် တစ်နှစ်လျှင် (၄) ကြိမ်ဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၏ ဇွန်လ၊ စက်တင်ဘာလ၊ ဒီဇင်ဘာလ၊ မတ်လ စာရင်း ပိတ်ပြီးချိန်တွင် အတိုး ထည့်သွင်းပေးခြင်း။

(ဂ) ငွေဖြစ်လွယ်၍ စီမံ ခန့်ခွဲနိုင်သော  နိုင်ငံခြားငွေ (ငွေမာငွေကြေး) အား အာမခံရယူ၍ ကျပ်ငွေ ထုတ်ချေးသည့် လုပ်ငန်း (Bilateral Interbank Lending)အား ဘဏ်၏ စီမံ ခန့်ခွဲမှု ဆိုင်ရာ စည်းကမ်းချက်များဖြင့် ရွေးချယ် သတ်မှတ်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏လမ်းညွှန်ချက် (Guidelines) များနှင့်အညီ မြန်မာ ကျပ်ငွေ ထုတ်ချေးခြင်း။

(ဃ) ဘဏ်မှ စံနှုန်း သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ညီညွှတ်သော ကုမ္ပဏီ လုပ်ငန်းရှင်၏ ကျပ်ငွေဖြင့် ချေးငွေအပေါ် အခြေခံသည့် သွင်းကုန် ငွေလွှဲစာတမ်းကို Margin လျှော့ယူခြင်း နှင့် ပို့ကုန် လုပ်ငန်းတွင် ပစ္စည်းတင် ပို့ပြီးသည်နှင့် ပို့ကုန် ငွေလွှဲ စာတမ်းအောက် မှ  ငွေကြိုတင် ထုတ်ပေးခြင်း ဆိုင်ရာ ကုန်သွယ်မှု ချေးငွေလုပ်ငန်း(Trade Financing) ဆောင်ရွက်ပေးခြင်းတို့ ဖြစ်ပါသည်။

၄။ MICBသည် နိုင်ငံပိုင် ငွေရေး ကြေးရေး အဖွဲ့အစည်း တစ်ခု ဖြစ်သည်နှင့်အညီ  နိုင်ငံတော်မှ ချမှတ်ထားသည့် လမ်းညွှန်ချက် များနှင့်အညီ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိရာတွင် ပြည်သူများမှ ဝေဖန် အကြံပြုချက် များကိုလည်း အစဉ် နားစွင့် လျှက် ပြည်သူများ၏ လိုအပ်ချက်များနှင့်အညီ ပြည်သူ့ အကျိုးပြု မြန်ဆန်သည့် ဝန်ဆောင်မှုများဖြင့် အောင်မြင်မှုများ ရရှိစေရန် ကြိုးပမ်း ဆောင်ရွက်လျှက် ရှိပါကြောင်း ရေးသားတင်ပြပါသည်။

မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်
အမှတ် ၁၇၀-၁၇၆၊
ကုန်သည်လမ်းနှင့် ဗိုလ်အောင်ကျော်လမ်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့