အတိုးနှုန်းထားများပြင်ဆင်သတ်မှတ်ခြင်း

news

မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်တွင် ငွေစုဘဏ်အပ်ငွေ၊ စာရင်းသေအပ်ငွေနှင့်ချေးငွေအတိုးနှုန်းထားများပြင်ဆင်သတ်မှတ်ခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၂၇-၄-၂၀၂၀)ရက်စွဲပါ ညွှန်ကြားချက်အမှတ်-၈/၂၀၂၀အရ  (၁-၅-၂၀၂၀) ရက်နေ့မှစ၍ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်တွင် ငွေစုဘဏ် အပ်ငွေ၊ စာရင်းသေအပ်ငွေနှင့် ချေးငွေများအပေါ် ကောက်ခံသည့် အတိုးနှုန်းများအား အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်ထားပါသည်။

 

၁။  အပ်ငွေများအပေါ်ပေးသည့် အတိုးနှုန်းများ

     (က) ငွေစုဘဏ်အပ်ငွေအတိုးနှုန်း                              တစ်နှစ်လျှင်   ၅ ရာခိုင်နှုန်း

     (ခ)   (၃) လစာရင်းသေအပ်ငွေ                                 တစ်နှစ်လျှင်   ၅ ရာခိုင်နှုန်း

     (ဂ)   (၆)လစာရင်းသေအပ်ငွေ                                  တစ်နှစ်လျှင်   ၅ ရာခိုင်နှုန်း

     (ဃ) (၉)လစာရင်းသေအပ်ငွေ                                  တစ်နှစ်လျှင်   ၅ ရာခိုင်နှုန်း

 

၂။ ချေးငွေအပေါ် ကောက်ခံသည့် အတိုးနှုန်းများ

     (က) စာရင်းပိုထုတ်ချေးငွေ(Overdraft) သက်တမ်း(၁)နှစ် အတိုးနှုန်း (၁၀%)

     (ခ)  နှစ်တိုချေးငွေ (Loan) သက်တမ်း(၁)နှစ် အတိုးနှုန်း (၉.၅%)

    (ဂ)   နှစ်လတ်ချေးငွေ( Mid Term Loan ) သက်တမ်း (၃)နှစ်                                                               

           (ဆိုင်းငံ့ကာလ၁နှစ်အပါအဝင် )အတိုးနှုန်း (၉%)