
မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်၏ (International Financial Reporting Standards – IFRS ) သင်တန်းဖွင့်ပွဲအခမ်းအနား
အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာ စံသတ်မှတ်ချက်များ (International Financial Reporting Standards – IFRS ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ ( ၂၄.၂.၂၀၂၅ ရက် ) နံနက်ပိုင်းတွင် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် သင်တန်း ခန်းမ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်၊ ဉီးဆောင် ညွှန်ကြားရေးမှူးမှ အဖွင့်အမှာစကားပြောကြားပြီးနောက် မြန်မာနိုင်ငံစာရင်းကောင်စီဝင်၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း ဒုတိယဉက္ကဌ ဉီးမိုးကျော်က သင်တန်း ဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
သင်တန်းသို့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်း ဝယ်ရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံးတို့မှ သင်တန်းသား/သင်တန်းသူ ( ၄၂ )ဉီး တက်ရောက်ကြပြီး သင်တန်း ကာလမှာ ရက်သတ္တပတ် ( ၅ )ပတ် ကြာမြင့်မည်ဖြစ်ပါသည်။