မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်

news

             မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်၏ ဘဏ်လုပ်ငန်းကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် ၁/၂၀၂၅ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉:၃၀ နာရီတွင် ဘဏ် သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

             သင်တန်းဆင်းပွဲအခန်းအနားသို့ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာ၊ ဒုတိယအထွေထွေမန်နေဂျာများ၊ လက်ထောက်အထွေထွေမန်နေဂျာများ၊ မန်နေဂျာများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသူ သင်တန်းသားများ တက်ရောက်ကြပါသည်။

             ထို့နောက် ဦးဆောင်ညွှန်ကြားရေးမှုးက  သင်တန်းဆင်းအမှာ စကားပြောကြားပြီး သင်တန်းတွင် ပထမဆုရရှိသူ ဒုတိယကြီးကြပ်ရေးမှူး ဒေါ်ခင်မြတ်နိုးကိုအား အထွေထွေမန်နေဂျာ ဒေါ်နွယ်နွယ်ဦးမှလည်းကောင်း၊ ဒုတိယဆုရရှိသူ လက်ထောက်မန်နေဂျာ ဒေါ်ဖြူစင်မင်းဦးအား ဒုတိယအထွေထွေမန်နေဂျာ ဒေါ်မေမြတ်သူမှလည်းကောင်း၊ တတိယဆုရရှိသူ ကြီးကြပ်ရေးမှူး ဒေါ်သွယ်သွယ်မာဦးအား ဒုတိယအထွေထွေမန်နေဂျာ ဒေါ်သီသီစိုးမှလည်းကောင်း၊ ဆုတံဆိပ်များ နှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ပြီး လက်ထောက်အထွေထွေမန်နေဂျာ ဒေါ်နီလာအောင်မှ သင်တန်းဆင်းလက်မှတ်များအား သင်တန်းသူ သင်တန်းသားများကိုယ်စား လက်ထောက်မန်နေဂျာ ဦးလှိုင်းထက်အား ပေးအပ်ခဲ့ပါသည်။

             မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်၏ ဘဏ်လုပ်ငန်းကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် ၁/၂၀၂၅ ကို (၁၇.၁၁.၂၀၂၅) မှ (၃၁.၁၂.၂၀၂၅)နေ့အထိ ရက်သတ္တပတ်(၆) ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသူ သင်တန်းသား  အရာထမ်း(၁၈)ဦး၊ အမှုထမ်း(၆၁)ဦး စုစုပေါင်း (၇၉)ဦး တက်ရောက်ခဲ့ပါသည်။