ပို့ကုန်လုပ်ငန်း
(၁) ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း
- ပြည်ပ ပို့ကုန်လုပ်ငန်းများအား ငွေကြိုတင်ပေး (Advance Payment)စနစ်နှင့် ငွေလွှဲစာတမ်း(L.C)စနစ်တို့ဖြင့် ဆောင်ရွက်ပေးလျှက်ရှိပါသည်။ MICB ၏ ပြည်ပ အဆက်အသွယ်ဘဏ်ပေါင်း (၂၅၀)ကျော်ဖြင့် ဆက်သွယ်လျှက် ပို့ကုန်ကြိုတင်ရငွေများ၊ ငွေလွှဲစာတမ်းများ ဝင်ရောက်ခြင်း၊ ပို့ကုန်ငွေတောင်းခံခြင်းလုပ်ငန်းများအား ဆောင်ရွက် ပေးလျှက်ရှိပါသည်။
- ဘဏ်ဆောင်ရွက်ခအဖြစ် ပို့ကုန်ငွေလွှဲစာတမ်း(L.C)အကြောင်းကြားခြင်းအတွက် USD30၊ ပြင်ဆင်ချက်(L.C Amendment)အကြောင်းကြားခြင်းအတွက် USD25 ၊ ပို့ကုန် ဘီလ်စစ်ဆေး ဆောင်ရွက်ခြင်းအတွက် ဘီလ်တန်ဖိုး၏ 0.25% (အနည်းဆုံး USD50) ကောက်ခံပါသည်။ ဘဏ်ကော်မရှင်/ဘဏ်စရိတ်များအတွက် USD နှင့်ညီမျှသော ကျပ်ငွေဖြင့် ကောက်ခံပါသည်။
- ပို့ကုန်လုပ်ငန်းရှင်များ၏ လုပ်ငန်းဆောင်ရွက်မှု အဆင်ပြေချောမွေ့စေရေးနှင့် နိုင်ငံခြား ငွေကြေးလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ပို့ကုန်ကုန်သွယ်မှု
အတွက် ဘဏ္ဍာရေးအထောက်အပံ့ပေးမှု (Export Trade Financing) အား ဆောင်ရွက်ပေးလျှက်ရှိရာတွင် ပို့ကုန်ငွေလွှဲစာတမ်းအောက်မှ ကုန်သွယ်မှုချေးငွေ ဖြစ်သော-
- Pre-Shipment Export Trade Financing ဆောင်ရွက်ပေးခြင်း၊
- Post-Shipment Export Trade Financing ဆောင်ရွက်ပေးခြင်း၊
- ပို့ကုန်ကြိုတင်ရငွေ (Export Proceeds)အား မြန်မာကျပ်ငွေဖြင့် လဲလှယ် ရောင်းချလိုသော ပို့ကုန်လုပ်ငန်းရှင်များအတွက် ဘဏ်၏ နေ့စဉ်သတ်မှတ်သည့် ငွေလဲလှယ်နှုန်းဖြင့် ဝယ်ယူခြင်းများဆောင်ရွက်ပေးခြင်း၊
- ကုန်သွယ်မှု မြန်မာကျပ်ချေးငွေထောက်ပံ့ခြင်း (Trade Finance Export TT) များ ဆောင်ရွက်ပေးလျှက်ရှိပါသည်။
- ပို့ကုန်လုပ်ငန်းရှင်များအတွက် ကုန်သွယ်မှုချေးငွေကို နိုင်ငံခြားငွေမာငွေကြေး (အမေရိကန်ဒေါ်လာ)ကို အပေါင်အာမခံထားရှိ၍ ချေးငွေသက်တမ်း(၃)လ၊ တစ်နှစ်လျှင် အတိုးနှုန်း (၅%) ဖြင့် ထုတ်ချေးပေးလျှက်ရှိပါသည်။
- ကုန်သွယ်မှုချေးငွေရယူရာတွင် ပို့ကုန်လုပ်ငန်းရှင်များသည် ဘဏ်သို့ ပို့ကုန်ဝင်ငွေ၊ သွင်းကုန်ပေးချေမှုဖြစ်သည့် နိုင်ငံခြားငွေ အဝင်/အထွက် (၃)နှစ်စာရင်းကို ဘဏ္ဍာရေးနှစ် အလိုက်စစ်ဆေးခြင်း၊ အခွန်ထမ်းဆောင်မှု(၃)နှစ်စာရင်းကို စစ်ဆေးခြင်း၊ ဘဏ်၏ စံနှုန်း သတ်မှတ်ချက်(၁၁)ချက်နှင့် စိစစ်ခြင်း၊ လုပ်ငန်းရှင်များ၏ ငွေချေးထိုက်တန်မှု (Credit Worthiness) စိစစ်ခြင်း၊ ပြည်ပရှိ အဆက်အသွယ်ဘဏ်စာရင်းသို့ ပို့ကုန်ဝင်ငွေ ဝင်ရောက်ရန် သဘောတူညီချက်( Cash Flow Agreement) ချုပ်ဆိုခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။
- ၂၀၁၃ခုနှစ်၊ မတ်လ(၁)ရက်နေ့မှစ၍ ပို့ကုန်ပစ္စည်း(၁၅၂)မျိုးအား ပို့ကုန်လိုင်စင် လျှောက် ထားရန်မလိုဘဲ တင်ပို့ခွင့်ရှိပါသည်။ ပို့ကုန်လိုင်စင်လျှောက်ထားရန် မလိုသည့် ကုန်ပစ္စည်းစာရင်းအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ် ဖြစ်သော http://www.commerce.gov.mm တွင် ကြည့်ရှု့နိုင်ပါသည်။