မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်

၁။ နိဒါန်း

မြန်မာ့ ရင်းနှီး မြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB) သည် နိုင်ငံပိုင် ငွေရေး ကြေးရေး အဖွဲ့အစည်း တစ်ခု ဖြစ်၍ နိုင်ငံတော် ငွေရေး ကြေးရေး အဖွဲ့အစည်း ဥပဒေ (၁၉၉၀) အရ၊ ပြည်တွင်းဘဏ် လုပ်ငန်းနှင့် နိုင်ငံခြားဘဏ် လုပ်ငန်း ဝန်ဆောင်မှုကို ဆောင်ရွက်ပေး ရန်အတွက် ၁၉၉၀ပြည့်နှစ်၊ စက်တင်ဘာလ (၁) ရက်နေ့တွင် တည်ထောင်ခဲ့ပါသည်။ နိုင်ငံတော်အတွင်း ငွေကြေး အရင်း အမြစ်များ စုစည်းပြီး၊ ငွေကြေး ဝန်ဆောင်မှုများ  ဆောင်ရွက်ပေးခြင်းဖြင့် (၂၈) နှစ်တာ ကာလ အတွင်း ဘဏ်လုပ်ငန်းများ တိုးတက် အောင်မြင်အောင် ဆောင်ရွက် နိုင်ခဲ့သဖြင့်၊ ဘဏ္ဍာရေး နှစ်အလိုက် နိုင်ငံတော် အတွက်လည်း ဝင်ငွေခွန်များ လျာထား ပမာဏထက် ပိုမို ထမ်းဆောင်နိုင်ခြင်း၊ ထည့်ဝင် ငွေများ နှစ်စဉ် တိုးမြှင့် ထည့်ဝင်နိုင်ခြင်းတို့ဖြင့် စာရင်းပိုင်ရှင် ပြည်သူများ အတွက်လည်း တိုးတက် ပြောင်းလဲသော နိုင်ငံတကာ ဘဏ်လုပ်ငန်းများနှင့် အညီ ဝန်ဆောင်မှု အသစ်များကို စီစဉ် ဆောင်ရွက်ခဲ့ပါသည်။

MICB သည် တိုးတက် ပြောင်းလဲလျှက်ရှိသော စီးပွားရေးနှင့် ဘဏ္ဍာရေး ကဏ္ဍများနှင့် အညီ ပုဂ္ဂလိက ပြည်တွင်းဘဏ် လုပ်ငန်းရှင်များနှင့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ကုမ္ပဏီများအား ထိရောက် လျှင်မြန်သော ဘဏ်ဝန်ဆောင်မှု များဖြင့် ပြည်တွင်း ဘဏ် လုပ်ငန်း၊ ကူးသန်း ရောင်းဝယ်ရေးဘဏ် လုပ်ငန်း၊ ရင်းနှီး မြှုပ်နှံမှု ဘဏ် လုပ်ငန်းနှင့် နိုင်ငံတကာ ပို့ကုန် သွင်းကုန် ဘဏ် လုပ်ငန်းများကို ဆောင်ရွက်ပေးလျှက် ရှိပါသည်။

၂။ မူဝါဒနှင့် ရည်မှန်းချက်

(က) မူဝါဒ

  • နိုင်ငံတော်၏ စီးပွားရေး မူဝါဒများအား အကောင်အထည် ဖော် ဆောင်ရွက်ရာတွင် အထောက်အကူပြု နိုင်စေရန် ဘဏ်၏ ဝန်ဆောင်မှု လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်၊
  • ပြည်သူများသို့ ပိုမို ထိရောက် လွယ်ကူ လျင်မြန်သော ဘဏ်ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် ဝန်ဆောင်မှု လုပ်ငန်းများအား အဆင့် မြှင့်တင် ဆောင်ရွက်သွားရန်၊
  • နိုင်ငံတော်အတွင်းသို့ ပြည်တွင်း ရင်းနှီး မြှုပ်နှံမှုများ ပိုမို စီးဝင် လာနိုင်ရေးအတွက် ပြည်ပ အဆက်အသွယ် ဘဏ်များနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် ဖြစ်ပါသည်။

(ခ) ရည်မှန်းချက်

  • လက်ရှိ ဆောင်ရွက်လျက် ရှိသော “ကူးသန်းရောင်းဝယ်ရေး ဘဏ်လုပ်ငန်း” များအပြင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများနှင့် နိုင်ငံသားလုပ်ငန်းများ၏ “နိုင်ငံခြားငွေဖြင့် ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများကို အခြေခံသည့် ကူးသန်း ရောင်းဝယ်ရေး ဘဏ်လုပ်ငန်းများ” ကို တိုးချဲ့ ဆောင်ရွက်သွားရန်၊
  • နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုမို စီးဝင် လာစေရေးနှင့် နိုင်ငံတကာ ကုန်သွယ်မှုများ ပိုမို တိုးတက် လာစေရေး တို့အတွက် ပို့ကုန် သွင်းကုန် လုပ်ငန်းများအား ဘဏ္ဍာရေး အထောက်အပံ့ ပေးသည့် (Trade Financing) ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်သွားရန်၊
  • ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဖွံ့ဖြိုး တိုးတက်စေရန်၊ ခေတ်မှီ IT နည်းပညာများ တိုးမြှင့် အသုံးပြု ဆောင်ရွက်သွားရန် ဖြစ်ပါသည်။

၃။ ဘဏ်လုပ်ငန်းတည်နေရာမြှင့် ဝန်ထမ်းအင်အား

မြန်မာ့ ရင်းနှီး မြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ် ရုံးချုပ်အား အမှတ် ၁၇၀ - ၁၇၆ ၊ ကုန်သည်လမ်းနှင့် ဗိုလ်အောင်ကျော် လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ် ထားပါသည်။

မန္တလေး ဘဏ်ခွဲအား အမှတ်(၁၀၀)၊ ၈၄ လမ်းနှင့် ၂၉ x ၃၀ လမ်းကြား၊ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့တွင် ဖွင့်လှစ်ထားပြီး ဝန်ထမ်း အင်အားစုစုပေါင်း (၂၇၇) ဦးဖြင့် ဘဏ်လုပ်ငန်း များအား ဆောင်ရွက်ပေးလျှက် ရှိပါသည်။

၄။ ဌာနများဖွဲ့စည်းထားရှိမှု

မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ် (ရုံးချုပ်) အား အောက်ပါ ဌာနများဖြင့် ဖွဲ့စည်းထားပါသည်။

  • ငွေရေးကြေးရေးစီမံခန့်ခွဲမှုနှင့် အဆက်အသွယ်ဘဏ်များဌာန
  • နိုင်ငံခြား ငွေကြေးရောင်းဝယ်မှုနှင့် စီမံခန့်ခွဲမှုဌာန (Treasury)
  • ကော်ပိုရိတ်ဘဏ်လုပ်ငန်းဌာန (Corporate Banking)
  • ဥပဒေရေးရာဌာန
  • ဘဏ်တွင်းစာရင်းစစ်ဌာန
  • ချေးငွေလုပ်ငန်းဌာန
  • ပို့ကုန်ဌာန
  • ပို့ကုန် ကုန်သွယ်မှု ချေးငွေဌာန (Export Trade Financing)
  • သွင်းကုန်ဌာန
  • သွင်းကုန် ကုန်သွယ်မှုချေးငွေဌာန (Import Trade Financing)
  • နိုင်ငံခြားငွေလွှဲဌာန
  • နိုင်ငံခြားငွေစာရင်းဌာန(၁) (၂)
  • စီမံ (ဘတ်ဂျက်)၊ စီမံ (ပစ္စည်းထိန်း)နှင့် ငွေကြေးဌာန
  • လူ့စွမ်းအား အရင်းအမြစ် စီမံခန့် ခွဲမှု (HR)ဌာန
  • သတင်းနှင့် ဆက်သွယ်ရေး နည်းပညာဌာန
  • ပြည်တွင်း ဘဏ်လုပ်ငန်းဌာန
  • ငွေစုဘဏ် လုပ်ငန်းဌာန
  • မန္တလေးဘဏ်ခွဲ

၅။ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ်မှ ဆောင်ရွက်ပေးလျှက်ရှိသည့် ဝန်ဆောင်မှု လုပ်ငန်းများ

၅။ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ်မှ ဆောင်ရွက်ပေးလျှက် ရှိသည့် ဝန်ဆောင်မှု လုပ်ငန်းများ

  • ဘဏ်နှင့် ဆက်သွယ်သူများအတွက် အောက်ပါ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက် ပေးလျှက်ရှိပါသည်။
  • ကျပ်ငွေဖွင့် စာရင်းရှင် အပ်ငွေနှင့် အချိန်ပိုင်း အပ်ငွေများ လက်ခံခြင်း၊
  • ကျပ်ငွေဖြင့် ငွေစုဘဏ် အပ်ငွေများ လက်ခံခြင်း၊
  • နိုင်ငံခြားငွေဖြင့်  စာရင်းရှင် အပ်ငွေစာရင်းနှင့် အချိန်ပိုင်း အပ်ငွေ စာရင်းများ ဖွင့်လှစ် ပေးခြင်း၊
  • နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်များသို့ ကျပ်ငွေဖြင့်  နှစ်တို၊ နှစ်လတ်၊ နှစ်ရှည်ချေးငွေများ ထုတ်ချေးခြင်း၊
  • ကျပ်ငွေ၊ နိုင်ငံခြားငွေတို့ဖြင့်  ပြည်တွင်း ပြည်ပ ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သွင်းကုန် လုပ်ငန်းရှင်များအတွက် ငွေလွှဲစာတမ်း (L.C) ဖွင့်လှစ်ခြင်း၊ ပြည်ပဘဏ်များမှ ဖွင့်လှစ်လာသော ပို့ကုန် ငွေလွှဲ စာတမ်း(L.C) များ အကြောင်းကြား ပေးခြင်း၊ ပို့ကုန်ငွေ တောင်းခံပေးခြင်း၊ သွင်းကုန်အတွက် ငွေပေးချေခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊
  • ဘဏ်၏ စံ သတ်မှတ်ချက်များနှင့် အညီ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များသို့ ကုန်သွယ်မှု ဆိုင်ရာ ငွေကြေးထောက်ပံ့ခြင်း (Trade Financing) နှင့်  ဆက်စပ် ချေးငွေ လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကျပ်ငွေ၊ နိုင်ငံခြား ငွေတို့ဖြင့်  ဘဏ်အာမခံ ဆောင်ရွက်ခြင်း လုပ်ငန်းများအား ဆောင်ရွက် ပေးလျှက် ရှိပါသည်။

၆။ ဘဏ်လုပ်ငန်းလိုင်စင်

Bank License No. - မဗဘ/နဘ (အာရ်)-၃/၀၈/၂၀၁၆
Issuing Date - ၂၄-၈-၂၀၁၆
Issuing Authority - မြန်မာနိုင်ငံတော်ဗဟိုဘဏ်

၇။ FATCA GIIN အမှတ်

GIIN - 4AAWYJ.99999.SL.104

၈။ Anti-Money Laundering Questionnaire

မြန်မာ့ရင်းနှီးမြှုပ်နှံမှုင့် ကူးသန်း ရောင်းဝယ်ရေးဘဏ်၏ AML Questionnaire အား ပူးတွဲ တင်ပြထားပါသည်။