ချေးငွေလုပ်ငန်းများ

ချေးငွေလုပ်ငန်းများ

          ချေးငွေထုတ်ချေးခြင်းလုပ်ငန်း

          ပြည်သူများ၏ အပ်နှံထားသောငွေများအား အကျိုးရှိစွာအသုံးချနိုင်ရေးတွက် အရည်အချင်း ပြည့်ဝပြီး နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူပြုသည့် နိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းများအတွက် ကျပ်ငွေဖြင့် အောက်ပါချေးငွေများကို ထုတ်ချေးလျှက်ရှိပါသည်။

မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်မှ ထုတ်ချေးလျှက်ရှိသော

ချေးငွေအမျိုးအစားများ

၁။      ဤဘဏ်မှ ဆောင်ရွက်ပေးလျှက်ရှိသော ချေးငွေအမျိုးအစားများမှာ-

          (က)    နှစ်ချင်းဆပ်ချေးငွေ (စာရင်းပိုထုတ်ချေးငွေ) (Overdraft)

          (ခ)     နှစ်တိုချေးငွေ(၁-နှစ်သက်တမ်း)

          (ဂ)     နှစ်လတ်ချေးငွေ(၃-နှစ်သက်တမ်း)

          (ဃ)    ကုန်သွယ်မှုချေးငွေ(Trade Finance)

          (င)     ဘဏ်အချင်းချင်း ငွေထုတ်ချေးခြင်း (Bilateral Interbank Lending)

(က)    နှစ်ချင်းဆပ်ချေးငွေ (စာရင်းပိုထုတ်ချေးငွေ) (Overdraft)

          (က-၁) ချေးငွေသက်တမ်း(၁)နှစ်ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် (၁၀%)၊

(က-၂)   လုပ်ငန်းရှင်မှ လုပ်ငန်းနှင့်ပတ်သက်သော အထောက်အထားများ တင်ပြရပါမည်။ အာမခံအဖြစ် မရွှေ့မပြောင်းနိုင်သော မြေနှင့်အဆောက်အဦတို့ကို ရယူပါသည်။

(က-၃)   ထုတ်ယူသုံးစွဲသည့်ချေးငွေအပေါ် ကျသင့်အတိုးအား (၃)လတစ်ကြိမ် ကောက်ခံပြီး အချိန်စေ့ရောက်လျှင် စာရင်းပိုထုတ်ယူငွေအား ပြန်လည်ပေးဆပ်ရသည့်ချေးငွေ ဖြစ်ပါသည်။

(ခ)      နှစ်တိုချေးငွေ(၁-နှစ်သက်တမ်း)

          (ခ-၁)  ချေးငွေသက်တမ်း(၁)နှစ်ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် (၉.၅%)၊

(ခ-၂)     လုပ်ငန်းရှင်မှ လုပ်ငန်းနှင့်ပတ်သက်သော အထောက်အထားများ တင်ပြရပါမည်။ အာမခံအဖြစ် မရွှေ့မပြောင်းနိုင်သော မြေနှင့်အဆောက်အဦတို့ကို ရယူပါသည်။

(ခ-၃)    ချေးငွေပမာဏတစ်ရပ်လုံးအပေါ် ကျသင့်အတိုးအား (၃)လတစ်ကြိမ် ကောက်ခံပြီး အချိန်စေ့ရောက်လျှင် ချေးငွေတစ်ရပ်လုံးအား ပြန်လည်ပေးဆပ်ရသည့်ချေးငွေ ဖြစ်ပါသည်။

(ဂ)     နှစ်လတ်ချေးငွေ (၃-နှစ်သက်တမ်း)

          (ဂ-၁)  ချေးငွေသက်တမ်း(၁)နှစ်ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် (၉%)၊

(ဂ-၂)     လုပ်ငန်းရှင်မှ လုပ်ငန်းနှင့်ပတ်သက်သော အထောက်အထားများ တင်ပြရပါမည်။ အာမခံအဖြစ် မရွှေ့မပြောင်းနိုင်သော မြေနှင့်အဆောက်အဦတို့ကို ရယူပါသည်။

(ဂ-၃)    ထုတ်ယူသုံးစွဲသည့်ချေးငွေအပေါ် ကျသင့်အတိုးအား (၃)လတစ်ကြိမ် ကောက်ခံပြီး အရင်းပြန်လည်ပေးဆပ်ရန် ဆိုင်းငံ့ကာလ(၁)နှစ်နှင့် အရင်းပြန်လည်ပေးဆပ်ရ မည့်ကာလ(၂)နှစ် စုစုပေါင်းချေးငွေသက်တမ်း(၃)နှစ် ဖြစ်ပါသည်။ အရင်းပေးဆပ် ရန်အချိန်စေ့ရောက်လျှင် အရင်ငွေအား သုံးလပတ်အလိုက် ပေးဆပ်ခြင်းဖြင့် ပထမနှစ်တွင် (၄)ရစ်၊ ဒုတိယနှစ်တွင်(၄)ရစ်ဖြင့် စုစုပေါင်း(၈)ရစ်ဖြင့် ချေးငွေ တစ်ရပ်လုံးအား ပြန်လည်ပေးဆပ်ရသည့် ချေးငွေဖြစ်ပါသည်။

(ဃ)    ကုန်သွယ်မှုချေးငွေ (Trade Finance)

          ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များအတွက် ငွေမာငွေကြေး အမေရိကန်ဒေါ်လာကို အပေါင် အာမခံထားရှိ၍ ချေးငွေသက်တမ်း(၃)လ၊ အတိုးနှုန်း(၁)နှစ်လျှင် (၅%)ဖြင့် ကာလတို မြန်မာကျပ် ကုန်သွယ်မှုချေးငွေကို ထုတ်ချေးပေးလျှက်ရှိပါသည်။ ကာလတိုမြန်မာကျပ် ချေးငွေရယူရာတွင် ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်များ၏ ဘဏ်သို့ပို့ကုန်ဝင်ငွေ၊ သွင်းကုန် ပေးချေးမှုဖြစ်သည့် နိုင်ငံခြားငွေ အဝင်/အထွက်(၃)နှစ်စာရင်းကို ဘဏ္ဍာရေးနှစ်အလိုက် စစ်ဆေးခြင်း၊ အခွန်ထမ်းဆောင်မှု(၃)နှစ် စာရင်းကိုစစ်ဆေးခြင်း၊ ဘဏ်၏စံနှုန်း သတ်မှတ်ချက်(၁၁)ချက်နှင့်စိစစ်ခြင်း၊ လုပ်ငန်းရှင်၏ ချေးငွေထိုက်တန်မှု (Credit Worthiness) စိစစ်ခြင်း၊ ပြည်ပရှိ အဆက်သွယ်ဘဏ်စာရင်းသို့ ပို့ကုန်ငွေဝင်ရောက်ရန် သဘောတူညီချက် (Cash Flow Agreement) ချုပ်ဆိုခြင်းတို့ ဆောင်ရွက်ရ မည်ဖြစ်ပါသည်။

(င)     ဘဏ်အချင်းချင်း ငွေချေးခြင်း (Bilateral Interbank Lending)

          နိုင်ငံခြားဘဏ်ခွဲငွေရေးကြေးရေးအဖွဲ့အစည်းများကို ညှိနှိုင်းအတိုးနှုန်းဖြင့် သက်တမ်း (၃)လ၊ (၆)လဖြင့် ထုတ်ချေးပေးလျှက်ရှိပါသည်။

          ထို့အပြင် မြန်မာကုမ္ပဏီများ လုပ်ငန်းဆောင်ရွက်ရန် ငွေကြေးအရင်းအဖြစ် လိုအပ်ချက် များအား ဖြည့်ဆည်းပေးနိုင်ရန်လည်းကောင်း၊ ပြည်ပချေးငွေဈေးကွက်မှ နိုင်ငံခြားငွေဖြင့် ချေးငွေ ရယူလိုသော မြန်မာကုမ္ပဏီများ ချေးငွေရယူနိုင်စေရန်ရည်ရွယ်၍ လည်းကောင်း၊ မြန်မာ့ရင်းနှီး မြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်၏ ဘဏ်အာမခံစာတမ်း (Standby L.C) ရယူခြင်းဖြင့် မြန်မာကုမ္ပဏီများမှ နိုင်ငံခြားဘဏ်ခွဲများတွင် အမေရိကန်ဒေါ်လာဖြင့် ငွေချေးမည့် အစီအစဉ်တို့ကို ဆောင်ရွက်ပေးလျှက်ရှိပါသည်။

          မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်၏ ဘဏ်အာမခံစာတမ်း (Standby L.C)အရ ငွေချေးယူခြင်းတွင် ငွေချေးမည့် မြန်မာကုမ္ပဏီသည် မြန်မာ့ရင်းနှီး မြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်တွင် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်နေ သည့် ဘဏ်၏ Customer ဖြစ်ရပါမည်။ မရွှေ့မပြောင်းနိုင်သော မြေနှင့်အဆောက်အဦတို့ကို အာမခံအဖြစ်ရယူပြီး ဘဏ်၏လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်အကဲဖြတ်ဆောင်ရွက်ပါသည်။