ပို့ကုန်လုပ်ငန်း

ပို့ကုန်လုပ်ငန်း

(၁)          ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း

              -   ပြည်ပ ပို့ကုန်လုပ်ငန်းများအား ငွေကြိုတင်ပေး (Advance Payment)စနစ်နှင့် ငွေလွှဲစာတမ်း(L.C)စနစ်တို့ဖြင့် ဆောင်ရွက်ပေးလျှက်ရှိပါသည်။ MICB ၏ ပြည်ပ အဆက်အသွယ်ဘဏ်ပေါင်း (၂၅၀)ကျော်ဖြင့် ဆက်သွယ်လျှက် ပို့ကုန်ကြိုတင်ရငွေများ၊ ငွေလွှဲစာတမ်းများ ဝင်ရောက်ခြင်း၊ ပို့ကုန်ငွေတောင်းခံခြင်းလုပ်ငန်းများအား  ဆောင်ရွက် ပေးလျှက်ရှိပါသည်။

              -   ဘဏ်ဆောင်ရွက်ခအဖြစ် ပို့ကုန်ငွေလွှဲစာတမ်း(L.C)အကြောင်းကြားခြင်းအတွက် USD30၊ ပြင်ဆင်ချက်(L.C Amendment)အကြောင်းကြားခြင်းအတွက် USD25 ၊ ပို့ကုန် ဘီလ်စစ်ဆေး ဆောင်ရွက်ခြင်းအတွက် ဘီလ်တန်ဖိုး၏ 0.25% (အနည်းဆုံး USD50) ကောက်ခံပါသည်။ ဘဏ်ကော်မရှင်/ဘဏ်စရိတ်များအတွက် USD နှင့်ညီမျှသော ကျပ်ငွေဖြင့် ကောက်ခံပါသည်။

              -   ပို့ကုန်လုပ်ငန်းရှင်များ၏ လုပ်ငန်းဆောင်ရွက်မှု အဆင်ပြေချောမွေ့စေရေးနှင့် နိုင်ငံခြား ငွေကြေးလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ပို့ကုန်ကုန်သွယ်မှု

အတွက် ဘဏ္ဍာရေးအထောက်အပံ့ပေးမှု (Export Trade Financing) အား ဆောင်ရွက်ပေးလျှက်ရှိရာတွင် ပို့ကုန်ငွေလွှဲစာတမ်းအောက်မှ ကုန်သွယ်မှုချေးငွေ ဖြစ်သော-

  • Pre-Shipment Export Trade Financing ဆောင်ရွက်ပေးခြင်း၊
  • Post-Shipment Export Trade Financing ဆောင်ရွက်ပေးခြင်း၊
  • ပို့ကုန်ကြိုတင်ရငွေ (Export Proceeds)အား မြန်မာကျပ်ငွေဖြင့် လဲလှယ် ရောင်းချလိုသော ပို့ကုန်လုပ်ငန်းရှင်များအတွက် ဘဏ်၏ နေ့စဉ်သတ်မှတ်သည့် ငွေလဲလှယ်နှုန်းဖြင့် ဝယ်ယူခြင်းများဆောင်ရွက်ပေးခြင်း၊
  • ကုန်သွယ်မှု မြန်မာကျပ်ချေးငွေထောက်ပံ့ခြင်း (Trade Finance Export TT) များ ဆောင်ရွက်ပေးလျှက်ရှိပါသည်။           

              -   ပို့ကုန်လုပ်ငန်းရှင်များအတွက် ကုန်သွယ်မှုချေးငွေကို နိုင်ငံခြားငွေမာငွေကြေး (အမေရိကန်ဒေါ်လာ)ကို အပေါင်အာမခံထားရှိ၍ ချေးငွေသက်တမ်း(၃)လ၊ တစ်နှစ်လျှင် အတိုးနှုန်း (၅%) ဖြင့် ထုတ်ချေးပေးလျှက်ရှိပါသည်။

              -   ကုန်သွယ်မှုချေးငွေရယူရာတွင် ပို့ကုန်လုပ်ငန်းရှင်များသည် ဘဏ်သို့ ပို့ကုန်ဝင်ငွေ၊ သွင်းကုန်ပေးချေမှုဖြစ်သည့် နိုင်ငံခြားငွေ အဝင်/အထွက် (၃)နှစ်စာရင်းကို ဘဏ္ဍာရေးနှစ် အလိုက်စစ်ဆေးခြင်း၊ အခွန်ထမ်းဆောင်မှု(၃)နှစ်စာရင်းကို စစ်ဆေးခြင်း၊ ဘဏ်၏ စံနှုန်း သတ်မှတ်ချက်(၁၁)ချက်နှင့် စိစစ်ခြင်း၊ လုပ်ငန်းရှင်များ၏ ငွေချေးထိုက်တန်မှု (Credit Worthiness) စိစစ်ခြင်း၊ ပြည်ပရှိ အဆက်အသွယ်ဘဏ်စာရင်းသို့ ပို့ကုန်ဝင်ငွေ ဝင်ရောက်ရန် သဘောတူညီချက်( Cash Flow  Agreement) ချုပ်ဆိုခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။

              -   ၂၀၁၃ခုနှစ်၊ မတ်လ(၁)ရက်နေ့မှစ၍ ပို့ကုန်ပစ္စည်း(၁၅၂)မျိုးအား ပို့ကုန်လိုင်စင် လျှောက် ထားရန်မလိုဘဲ တင်ပို့ခွင့်ရှိပါသည်။ ပို့ကုန်လိုင်စင်လျှောက်ထားရန် မလိုသည့် ကုန်ပစ္စည်းစာရင်းအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ် ဖြစ်သော http://www.commerce.gov.mm တွင် ကြည့်ရှု့နိုင်ပါသည်။