ပို့ကုန်လုပ်ငန်း

(ဇ) ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း

ပြည်ပ ပို့ကုန် လုပ်ငန်းများအား ငွေကြိုတင်ပေး(Advance Payment) စနစ်နှင့် ငွေလွှဲ စာတမ်း (L.C) စနစ်တို့ဖြင့် ဆောင်ရွက်ပေးလျှက် ရှိပါသည်။ MICB ၏ ပြည်ပ အဆက်အသွယ် ဘဏ်ပေါင်း (၂၅၀) ကျော်ဖြင့် ဆက်သွယ်လျှက် ပို့ကုန် ကြိုတင်ငွေများ၊ ငွေလွှဲ စာတမ်းများ ဝင်ရောက်ခြင်း၊ ပို့ကုန် ငွေတောင်းခံခြင်းလုပ်ငန်းများအား ဆောင်ရွက် ပေးလျှက် ရှိပါသည်။

ဘဏ်ဆောင်ရွက်ခ အဖြစ် ပို့ကုန် ငွေလွှဲ စာတမ်း (L.C) အကြောင်းကြားခြင်း အတွက် USD30 ၊ ပြင်ဆင်ချက် (L.C Amendment) အကြောင်းကြားခြင်းအတွက် USD 25၊ ပို့ကုန် ဘီလ် စစ်ဆေး ဆောင်ရွက်ခြင်းအတွက် ဘီလ် တန်ဖိုး၏ 0.25% (အနည်းဆုံး USD 50 ) ကောက်ခံပါသည်။

ပို့ကုန် လုပ်ငန်းရှင်များ၏ လုပ်ငန်း ဆောင်ရွက်မှု အဆင်ပြေ ချောမွေ့စေရေးနှင့် နိုင်ငံခြား ငွေကြေး လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ပို့ကုန် ကုန်သွယ်မှု အတွက် ဘဏ္ဍာရေး အထောက်အပံ့ ပေးမှု (Export Trade Financing) အား ဆောင်ရွက်ပေးလျှက်ရှိရာတွင် ပို့ကုန် ငွေလွှဲ စာတမ်းအောက်မှ ကုန်သွယ်မှု ချေးငွေဖြစ်သော-

  • Pre-Shipment Export Trade Financing ဆောင်ရွက်ပေးခြင်း၊
  • Post-Shipment Export Trade Financing ဆောင်ရွက်ပေးခြင်း၊
  • ပို့ကုန် ကြိုတင်ရငွေ (Export Proceeds) အား မြန်မာကျပ်ငွေဖြင့် လဲလှယ် ရောင်းချလိုသော ပို့ကုန် လုပ်ငန်းရှင်များအတွက် ဘဏ်၏ နေ့စဉ် သတ်မှတ် သည့် ငွေ လဲလှယ်နှုန်းဖြင့် ဝယ်ယူခြင်းများ ဆောင်ရွက်ပေးခြင်း၊
  • ကာလတို မြန်မာကျပ်ချေးငွေထောက်ပံ့ခြင်း ( Short-Term Financing Export TT) များ ဆောင်ရွက်ပေးလျက် ရှိပါသည်။

ပို့ကုန် လုပ်ငန်းရှင်များအတွက် ကာလတို မြန်မာကျပ် ချေးငွေကို ငွေမာ ငွေကြေး အမေရိကန် ဒေါ်လာကို အပေါင် အာမခံ ထားရှိ၍ ချေးငွေ သက်တမ်း (၃) လ၊ တစ်နှစ်လျှင် အတိုးနှုန်း (၅%) ဖြင့် ထုတ်ချေးပေးလျှက် ရှိပါသည်။

ကာလတို မြန်မာကျပ် ချေးငွေ ရယူရာတွင် ပို့ကုန် လုပ်ငန်းရှင်များသည် ဘဏ်သို့ ပို့ကုန် ဝင်ငွေ၊ သွင်းကုန် ပေးချေမှု ဖြစ်သည့် နိုင်ငံခြားငွေ အဝင်/အထွက် (၃) နှစ် စာရင်းကို ဘဏ္ဍာရေး နှစ်အလိုက် စစ်ဆေးခြင်း၊ အခွန် ထမ်းဆောင်မှု (၃) နှစ်စာရင်းကို စစ်ဆေးခြင်း၊ ဘဏ်၏ စံနှုန်း သတ်မှတ်ချက် (၁၁) ချက်နှင့် စိစစ်ခြင်း၊ လုပ်ငန်းရှင်၏ ငွေချေး ထိုက်တန်မှု (Credit Worthiness) စိစစ်ခြင်း၊ ပြည်ပရှိ အဆက်အသွယ် ဘဏ် စာရင်းသို့ ပို့ကုန် ဝင်ငွေ ဝင်ရောက်ရန် သဘော တူညီချက် (Cash Flow Agreement) ချုပ်ဆိုခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။

၂၀၁၃ခုနှစ် မတ်လ (၁) ရက်နေ့မှစ၍ ပို့ကုန် ပစ္စည်း (၁၅၂) မျိုးအား ပို့ကုန် လိုင်စင် လျှောက်ထားရန် မလိုဘဲ တင်ပို့ခွင့် ရှိပါသည်။ ပို့ကုန် လိုင်စင် လျှောက်ထားရန် မလိုသည့် ကုန်ပစ္စည်း စာရင်းအား စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ် ဖြစ်သော http://www.commerce.gov.mm တွင် ကြည့်ရှုနိုင်ပါသည်။