အတိုးနှုန်းများ ပြင်ဆင်သတ်မှတ်ခြင်း

news

မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်တွင် ငွေစုဘဏ်အပ်ငွေ၊ စာရင်းသေအပ်ငွေနှင့်ချေးငွေအတိုးနှုန်းထားများပြင်ဆင်သတ်မှတ်ခြင်း

          မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏(၁၂-၃-၂၀၂၀)ရက်စွဲပါ ညွှန်ကြားချက်အမှတ်-၁/၂၀၂၀နှင့် (၁၃-၃-၂၀၂၀)ရက်စွဲပါ ညွှန်ကြားချက်အမှတ်- ၂ / ၂၀၂၀တို့အရ (၁၆-၃-၂၀၂၀)ရက်နေ့မှစ၍ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်တွင် ငွေစုဘဏ်အပ်ငွေ ၊ စာရင်းသေအပ်ငွေနှင့် ချေးငွေ များအပေါ်ကောက်ခံသည့် အတိုးနှုန်းများအား အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်ထားပါသည် ။

၁။ အပ်ငွေများအပေါ်ပေးသည့်အတိုးနှုန်းများ

          (က) ငွေစုဘဏ်အပ်ငွေအတိုးနှုန်း      တစ်နှစ်လျှင်   ၇.၅ ရာခိုင်နှုန်း

          (ခ)  (၃)လ စာရင်းသေအပ်ငွေ          တစ်နှစ်လျှင်   ၇.၅ ရာခိုင်နှုန်း

          (ဂ)  (၆)လ စာရင်းသေအပ်ငွေ          တစ်နှစ်လျှင်   ၇.၅ ရာခိုင်နှုန်း

          (ဃ) (၉)လ စာရင်းသေအပ်ငွေ         တစ်နှစ်လျှင်   ၇.၅ ရာခိုင်နှုန်း

၂။ ချေးငွေများအပေါ် ကောက်ခံသည့်အတိုးနှုန်းများ

          (က) စာရင်းပိုထုတ်ချေးငွေ (Overdraft) သက်တမ်း(၁)နှစ် အတိုးနှုန်း ( ၁၂.၅ % )

          (ခ)  နှစ်တိုချေးငွေ ( Loan ) သက်တမ်း(၁)နှစ် အတိုးနှုန်း (၁၂ %)

          (ဂ)  နှစ်လတ်ချေးငွေ ( Mid Term Loan ) သက်တမ်း(၃)နှစ် (ဆိုင်းငံ့ကာလ ၁နှစ်

                အပါအဝင်) အတိုးနှုန်း (၁၁.၅ % )