ချေးငွေများအပေါ် ကောက်ခံမည့်အတိုးနှုန်း၊ ငွေစုဘဏ်အပ်ငွေနှင့် စာရင်းသေအပ်ငွေအပေါ် ပေးမည့်အတိုးနှုန်းများ
ချေးငွေများအပေါ် ကောက်ခံမည့်အတိုးနှုန်း၊ ငွေစုဘဏ်အပ်ငွေနှင့် စာရင်းသေအပ်ငွေအပေါ် ပေးမည့်အတိုးနှုန်းများကို (၁-၉-၂၀၂၄) ရက်နေ့မှစ၍ အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ် လိုက်သည်။
ချေးငွေအတိုးနှုန်းများ
(က) စာရင်းပိုထုတ်ချေးငွေအတိုးနှုန်း တစ်နှစ်လျှင် ၁၃.၀၀ ရာခိုင်နှုန်း
(ခ) (၁)နှစ်ချေးငွေအတိုးနှုန်း တစ်နှစ်လျှင် ၁၃.၀၀ ရာခိုင်နှုန်း
(ဂ) နှစ်လတ် (၃)နှစ်ချေးငွေအတိုးနှုန်း တစ်နှစ်လျှင် ၁၃.၀၀ ရာခိုင်နှုန်း
အပ်ငွေအတိုးနှုန်းများ
(က) ငွေစုဘဏ်အပ်ငွေအတိုးနှုန်း တစ်နှစ်လျှင် ၉.၀၀ ရာခိုင်နှုန်း
(ခ) (၁)လ စာရင်းသေအပ်ငွေ တစ်နှစ်လျှင် ၉.၀၀ ရာခိုင်နှုန်း
(၃)လ စာရင်းသေအပ်ငွေ တစ်နှစ်လျှင် ၉.၅၀ ရာခိုင်နှုန်း
(၆)လ စာရင်းသေအပ်ငွေ တစ်နှစ်လျှင် ၁၀.၀၀ ရာခိုင်နှုန်း
(၉)လ စာရင်းသေအပ်ငွေ တစ်နှစ်လျှင် ၁၀.၅၀ ရာခိုင်နှုန်း
(၁၂)လ စာရင်းသေအပ်ငွေ တစ်နှစ်လျှင် ၁၁.၀၀ ရာခိုင်နှုန်း
(၁)လ စာရင်းသေအပ်ငွေအတွက် ငွေသားဖြင့် ပေးသွင်းအပ်နှံခြင်း (သို့မဟုတ်) CBM-NET ဖြင့် အခြားဘဏ်မှ ပြောင်းရွှေ့အပ်နှံခြင်းကိုသာ လက်ခံဆောင်ရွက်ပါသည်။
ငွေစုဘဏ်အပ်ငွေနှင့်စာရင်းသေအပ်ငွေများကို လုံခြုံစိတ်ချစွာဖြင့် လာရောက်အပ်နှံနိုင်ပါသည်။